ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ မြန်မာနိုင်ငံ ဆိုင်ရာကိုယ်စားလှယ် Mr. Barnaby Jones နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

 

နေပြည်တော် ဇွန် ၅

 

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr. Barnaby Jones နှင့် အဖွဲ့အား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး

တွေ့ဆုံစဉ် UNHCR ဝန်ထမ်းများ ပြည်တွင်းခရီးသွားလာမှုနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဒေသအာဏာပိုင်များသို့ အသိပေးဆောင်ရွက်နိုင်ရေးနှင့် တရားဝင်မှတ်ပုံတင်ဖွဲ့စည်းထားသည့် NGO ၊ INGO များဖြင့်သာ ဆက်သွယ်ဆောင်ရွက်နိုင်ရေး၊ UNHCR အနေဖြင့် သတင်းအချက်အလက်များ ထုတ်ပြန်ရာတွင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၏ အတည်ပြုထုတ်ပြန်ထားသည့် အချက်အလက်များ အသုံးပြုဆောင်ရွက်နိုင်ရေး၊ ဝန်ကြီးဌာနနှင့် UNHCR တို့အကြား ဆက်လက်လက်တွဲပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်