နေပြည်တော် ဇူလိုင် ၁၁
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ အီသီယိုပီးယား ဖက်ဒရယ်ဒီမိုကရက်တစ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Daba Debele Hunde နှင့် အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် အီသီယိုပီးယား နိုင်ငံသားများကို ရှာဖွေကူညီကယ်ဆယ်၍ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအရ အရေးယူခြင်းမရှိဘဲ ပြည်နှင်ဆောင်ရွက်ပေးမှု အခြေအနေ၊ နှစ်နိုင်ငံ လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် တရားမဝင် ဝင်ရောက်မှု မရှိစေရေးအတွက် နှစ်နိုင်ငံတာဝန်ရှိသူ အချင်းချင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ မြန်မာ-အီသီယိုပီးယား နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Breaking News


