နေပြည်တော်       စက်တင်ဘာ         

 

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ကနောင်ခန်းမ၌ အလုပ်သမား ရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အလုပ်သမားအဖွဲ့အစည်းဝင်များနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေပြဋ္ဌာန်းပြီး ၂၀၁၂ ခုနှစ်မှစ၍ ယနေ့အချိန်ထိ အခြေခံအလုပ်သမားအဖွဲ့အစည်း ၂၈၂၃ ဖွဲ့၊ အခြေခံအလုပ် ရှင်အဖွဲ့အစည်း ၂၆ ဖွဲ့၊ မြို့နယ်အလုပ်သမားအဖွဲ့အစည်း ၁၅၆ ဖွဲ့၊ မြို့နယ်အလုပ်ရှင်အဖွဲ့အစည်း ဖွဲ့၊ တိုင်းဒေသကြီး၊ ပြည်နယ်အလုပ်သမားအဖွဲ့အစည်း ၂၅ ဖွဲ့၊ အလုပ်သမားအဖွဲ့ချုပ် ဖွဲ့၊ အလုပ်ရှင်အဖွဲ့ချုပ် ဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ဖွဲ့ စုစုပေါင်း ၃၀၄၂ ဖွဲ့တို့ကို အသိအမှတ် ပြုလက်မှတ်များ ထုတ်ပေးခဲ့ကြောင်း၊  အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေများတွင် အလုပ်သမားအဖွဲ့ အစည်းဥပဒေပါ ပြဋ္ဌာန်းချက် များကို အလုပ်ရှင်၊ အလုပ်သမားများ ကျယ်ပြန့်စွာသိရှိနိုင်စေရေးအတွက် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာမှစ၍ အသိပညာပေး ဆွေးနွေးပွဲများ ကျင်းပပြုလုပ်လျက်ရှိကြောင်း။

 

အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားအကောင်အထည်ဖော်ရေး အမျိုးသား ကော်မတီတွင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာ့နိုင်ငံအမျိုး သားလူ့အခွင့်အရေး ကော်မရှင်မှ ကိုယ်စားလှယ်များ၊ အလုပ်သမားအဖွဲ့အစည်းနှင့် အလုပ်ရှင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားရှိပြီး  အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုများကို လက်ခံဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်ရှိ ပြည်ပအလုပ် အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီဖြစ်သည့် Myanmar & Worldwide Serviecs Co., Ltd ဂျပန်နိုင်ငံသို့ သွားရောက်လုပ်ကိုင်လိုသည့် အလုပ်သမားများကို ဂျပန်နိုင်ငံရှိ လုပ်ငန်းရှင်များ၊ ကြီးကြပ် အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ စေလွှတ်ရေးလုပ်ငန်းစဉ်များနှင့်အညီ စီစဉ်ဆောင်ရွက်ပေးနေမှု၊ ဂျပန်နိုင်ငံသို့ သွားရောက်မည့် အလုပ်သမားများအတွက် ဂျပန်ဘာသာစကားနှင့် လုပ်ငန်းခွင် ဝင်ရောက်မှုတွင် အခက်အခဲမဖြစ်စေရေး လုပ်ငန်းခွင်အကြို လေ့ကျင့်သင်ကြားပေးနေမှုတို့ကို ကြည့်ရှုစစ် ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လမ်းမတော်မြို့နယ်ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၌ လုပ်ငန်းရှင်များနှင့် တွေ့ဆုံအမှာစကား ပြောကြားသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး စက်ရုံ၊ အလုပ်ရုံများတွင် လုပ်သားအင်အား လျှော့ချခြင်း၊ ပိတ်သိမ်းရခြင်း များရှိပါက အလုပ်ရှင်နှင့် အလုပ်သမားများ၏ အကျိုးစီးပွားများ နစ်နာမည်ဖြစ်သကဲ့သို့ နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားပိုင်းဆိုင်ရာ ထိခိုက်နိုင်ပြီး တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထပ်ဆင့် အားနည်းစေနိုင်ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားများ လုပ်ငန်းခွင်ဆက်ဆံရေးတိုးတက် ကောင်းမွန် စေရေးအတွက် မည်သည့်ကိစ္စမဆို အပြုသဘောဆောင်၍ ဥပဒေနှင့်အညီ စက်ရုံအတွင်း ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းခြင်းဖြင့် လုပ်ငန်းခွင်ဆက်ဆံရေး တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း။

 

အလုပ်ရှင်များက ကြုံတွေ့နေရသည့်အခက်အခဲများကို သုံးပွင့်ဆိုင်လက်တွဲ၍ နိုင်ငံကုန်ထုတ်စွမ်းအား မြင့်မား တိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သတင်း ရရှိသည်။

(သတင်းစဉ်)