နေပြည်တော် ဩဂုတ် ၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် ကုလသမဂ္ဂစီမံကိန်း ဝန်ဆောင်မှုရုံး(United Nations Office for Project Services UNOPS) ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် ကိုယ်စားလှယ် Ms. Sara Austin Netzer ကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများတွင် လိုအပ်သည့် ကူညီပံ့ပိုးမှုများကို တည်ဆဲဥပဒေ စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်