နေပြည်တော်  အောက်တိုဘာ ၂၃

 

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကို၊ လာအိုနိုင်ငံ၊ အလုပ်သမားနှင့် လူမှုဝန်ထမ်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. H.E. Phongxaysack INTHALATH နှင့်အတူ ယနေ့ နံနက်ပိုင်းတွင်  ဗီယင်ကျန်းမြို့၊ Saysetha Development Zone ရှိ Best Garment (Laos) စက်ရုံ နှင့် Honor Home (Laos) Sole Limited စက်ရုံများသို့သွားရောက်၍ မြန်မာရွှေ့ပြောင်း အလုပ် သမားများကိုတွေ့ဆုံအားပေးသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် စက်ရုံများအတွင်း လှည့်လည်ကြည့်ရှု၍ မြန်မာ အလုပ်သမားများနှင့်တွေ့ဆုံ၍ အလုပ်သမားများအနေဖြင့် ရောက်ရှိသည့်နိုင်ငံ၏ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုနှင့် ထုတ်ပြန်ထားသည့် ဥပဒေများ၊ ဒေသန္တရစည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရန် လိုအပ်ကြောင်း၊ နိုင်ငံသားအချင်းချင်း စည်းလုံးညီညွတ်ကြရန်၊ ကျန်းမာရေးဂရုစိုက်ကြရန်နှင့် ပြဋ္ဌာန်းထားသည့်ဥပဒေပါ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးများ အပြည့်အဝရရှိရေးအတွက် နှစ်နိုင်ငံ အစိုးရနှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေများနှင့် မိသားစုလွှဲပို့ငွေများကို တရားဝင် လမ်းကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပို့နိုင်ရေးကိစ္စရပ်များကို ရှင်းလင်းမှာကြားကာ အလုပ်သမားများကို သီတင်းကျွတ်အမှတ်တရ လက်ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)