မြစ်ကြီးနား ဇန်နဝါရီ ၁၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် ယမန်နေ့  ညနေပိုင်းက မြစ်ကြီးနားမြို့၊ စိုက်ပျိုးရေး၊ မွေးမြူရေး သိပ္ပံကျောင်း ဧရာမြစ်ဆုံခန်းမတွင် သယံဇာတရေးရာဝန်ကြီးဌာနဝန်ကြီး ဦးတိန့်ဆောင်၊ ဝန်ကြီးဌာနအောက်ရှိ ပြည်နယ်ဦးစီးမှူးများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများနှင့်  တွေ့ဆုံသည်။

တွေ့ဆုံစဉ် ကျောင်းအုပ်ကြီးက ကျောင်းဆိုင်ရာကိစ္စရပ်များနှင့် ဆရာ/ ဆရာမများ၊ ဝန်ထမ်းများ၏ အခက်အခဲ၊ လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကျောင်းသား/ ကျောင်းသူများအား ပညာ သင်ကြားသည့်အခါတွင် ဘဝအတွက်အကျိုးရှိအောင် ပညာကို စိတ်ဝင်တစား အလေးထား သင်ကြားကြရန် လိုကြောင်း၊ သို့မှသာ အောင်မြင်သည့် လူငယ်လူရွယ်များ ဖြစ်လာမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းသား/ ကျောင်းသူများ အတွက်  နိုင်ငံတော်မှ လစဉ် (၃၀၀၀၀/-)ကျပ် ထောက်ပံ့ပေးနေပါကြောင်း၊ လိုအပ်သည့် ကျောင်းစရိတ်ကို  မိဘများက ထောက်ပံ့ပေးနေသည့်အတွက် မိမိတို့ မိဘများကို ကိုယ်ချင်းစာပြီး အလေးအနက်ထား ကြိုးစားကြရမည်ဖြစ်ကြောင်း၊ ပညာရပ်များကို ကျွမ်းကျင်အောင်လေ့လာသင်ယူပြီး ပညာရှင်များဖြစ်လာပါက အများပြည်သူကြားတွင် လေးစားစွာဆက်ဆံခံရမည် ဖြစ်ကြောင်း၊ ကျန်းမာရေးကို ဂရုစိုက်နေထိုင်ကြရေး၊ ယုံကြည်ရာ ဘာသာတရားအဆုံး အမကို အလေးထားလိုက်နာပြီး မိမိနိုင်ငံ့၊ မိမိရပ်/ရွာကို အကျိုးပြုသည့် သား/ သမီးကောင်းများဖြစ်လာရန် ကြိုးစားရ မည်ကြောင်း မှာကြားသည်။  

ထို့အပြင် ဆရာ/ဆရာမများအနေဖြင့် ပညာရပ်များကို ဆက်လက်ဆည်းပူးကြရေး၊ ကျွမ်းကျင်သည့် ပညာရှင်တပည့်များ မွေးထုတ်ပေးကြရေး၊ မိမိတို့၏ အဓိက ဘာသာရပ်ကို ကျွမ်းကျင်မှုရှိရန် လိုအပ်သကဲ့သို့ အရံဘာသာရပ်များကိုလည်း  စဉ်ဆက်မပြတ်  လေ့လာကြရေး၊ ကျောင်းသူ/သားများ ယုံကြည်အားကိုသည့်အတိုင်း ထိုက်တန်သော အရည်အချင်း ပြည့်မီအောင် ကြိုးစားကြရေး၊ ဝတ်စားဆင်ယင်နေထိုင် ပြောဆိုမှုနှင့် ကိုယ်ကျင့်တရား ကောင်းမွန်အောင် နေထိုင်ကြရေး၊ မိမိတပည့် ကျောင်းသား/သူများကို သားသမီးလို သဘောထားပြီး အခက်အခဲများကို ကူညီပေး ဖြေရှင်းပေးကြရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်