နေပြည်တော် မတ် ၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် မတ် (၄)ရက် နံနက်ပိုင်းတွင် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွါတော့မည့် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာ နိုင်ငံသံအမတ်ကြီး H.E. Mr. J.M.J.P Bandara အား ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ- သီရိလင်္ကာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အခြေခံသော စိုက်ပျိုး မွေးမြူရေးဆိုင်ရာ ကုန်သွယ်မှု၊ ရင်းနှီးမြုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းများ၊ နှစ်နိုင်ငံ ရေပိုင်နက်အတွင်း လုပ်ကိုင်လျက်ရှိသည့် ကမ်းဝေးငါးဖမ်းလုပ်ငန်းများအနေဖြင့် နိုင်ငံတကာ ပင်လယ်ရေကြောင်း နယ်နိမိတ်ဆိုင်ရာ ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်