နေပြည်တော်၊ အောက်တိုဘာ ၉

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (International Organization for Migration- IOM) ၏ Chief of Mission ဖြစ်သူ Mr. Daihei Mochizuki ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံအသီးသီးတွင်  အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းလုပ်ကိုင်နိုင်ရေး၊ လူမှုကာကွယ်စောင့်ရှောက်မှုပေးနိုင်ရေး၊ ရွှေ့ပြောင်းအလုပ်သမားများအား လူသားချင်း စာနာထောက်ထားမှုအကူအညီများ ဆောင်ရွက်ပေးခြင်းတို့ကို IOM မှ ကူညီဆောင်ရွက် ပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး IOM နှင့် အလုပ်သမားရေးရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် MoU လက်မှတ်ရေးထိုးရေး ကိစ္စရပ်များ နှင့် အလုပ်သမားဝန်ကြီးဌာနနှင့် IOM တို့ ပူးပေါင်းပြီး နိုင်ငံတကာလုပ်သားများ ရွှေ့ပြောင်း သွားလာခြင်း စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းမှ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်