ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန(မြို့နယ်ရုံး) အဆောက်အဦသစ်ဖွင့်ပွဲနှင့် လူမှုဖူလုံရေး-ကောင်းဇေ အထွေထွေရောဂါကုဆေးခန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်

 

 

နေပြည်တော် ဧပြီ ၃၀

 

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (မြို့နယ်ရုံး) အဆောက် အဦသစ် ဖွင့်ပွဲအခမ်းအနားနှင့် လူမှုဖူလုံရေး-ကောင်းဇေ အထွေထွေရောဂါကု ဆေးခန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းရင်းသား ရေးရာဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အကျုံးဝင်အလုပ်ဌာနများမှ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ၊ ကောင်းဇေဆေးခန်းမှ  တာဝန်ရှိ သူများ တက်ရောက်ကြသည်။

 

ဉီးစွာ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးတို့က မြို့နယ်ရုံးနှင့် ဆေးခန်းတို့ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဆေးခန်းနှင့် ရုံးအဆောက်အဦ တို့ကို  လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း၊ ပင်လုံခန်းမ၌ ကိုရီးယားဘာသာအရည်အချင်း စစ်ဆေးခြင်းစာမေးပွဲ (EPS-Topik) ဖြေဆိုနေမှု ကို ကြည့်ရှုအားပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာမွေမြို့နယ် အလုပ်သမားဆေးရုံကြီး (ရန်ကုန်)ရှိ အဆင့်မြှင့် တင်ပြုပြင်မွမ်းမံထားသော ပြင်ပလူနာဌာန ဖွင့်ပွဲအခမ်းအနားကို  တက်ရောက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အဆိုပါဆေးရုံကြီးရှိ ကျောက်ကပ်တုသွေးသန့်စင်ခန်း တွင် စက် လုံး တပ်ဆင်ကုသပေးနေမှုအခြေအနေနှင့် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး ကျောက်ကပ်ဆေးကြောသည့်လူနာများကို အလှူငွေများ ပေးအပ်လှူဒါန်းသည်။

 

အလုပ်သမားဆေးရုံကြီး(ရန်ကုန်)ရှိ ကျောက်ကပ်တုသွေးသန့်စင်ခန်းတွင် စက် လုံး တပ်ဆင်ပြီး တစ်ရက် ယောက်နှုန်းဖြင့် တနင်္ဂနွေနေ့မပါ အာမခံအလုပ်သမားများကို အခမဲ့ကျောက်ကပ်ဆေးကြော ပေးလျက်ရှိပြီး အလုပ်သမားဆေးရုံကြီး(မန္တလေး)တွင်လည်း အလားတူ ဆောင် ရွက်ပေးနေပြီဖြစ်သည်။

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့သည် အကျုံးဝင်အာမခံအလုပ် သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အလုပ်သမားဆေးရုံကြီး () ရုံကို ဆောက်လုပ်ပြီး အာမခံအလုပ်သမားများအတွက် ကောင်းမွန်ပြည့်စုံသည့် ကျန်းမာရေးဝန်ဆောင် မှုများ ပေးအပ်နိုင်ရန် ဆောင်ရွက်လျက်ရှိရာ တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး(ရန်ကုန်) ပြင်ပလူနာဌာနနှင့် ကျောက်ကပ်တုသွေးသန့်စင်ခန်း အဆင့်မြှင့်တင်မွမ်းမံခြင်းများကို လူမှုဖူလုံ ရေးအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေမှ ငွေကျပ် ၃၇ဒသမ၆၇ သန်းဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့ပြီး အာမခံအလုပ်သမားလူနာများကို ကျန်းမာရေးဝန်ဆောင်မှုများ စဉ်ဆက် မပြတ်ပေး လျက်ရှိသည်။

 

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အကျုံးဝင်အာမခံအလုပ်သမား များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို အလွယ်တကူ လက်လှမ်းမီရယူနိုင်စေရန် ပုဂ္ဂလိကနှင့်ပူးပေါင်း၍ စာချုပ်ဆေးခန်းများဖွင့်လှစ်ကာ ကျန်းမာရေးဝန်ဆောင်မှု ထောက်ပံ့ ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် Capitation Payment စာချုပ်ဆေးခန်း (၁၅) ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်း (၄၉) ခန်း၊  Specialist OG OPD ပြသနိုင်သောဆေးခန်း (၃၈) ခန်း၊ မီးဖွားခြင်းနှင့်ဆိုင်သော ဝန်ဆောင်မှုဆောင်ရွက်သည့် စာချုပ်ဆေးရုံ/ သားဖွားခန်း (၁၅) ခန်းတို့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း အကျုံးဝင်အာမခံ အလုပ်သမားပေါင်း (၈၉၂,၇၉၇) ဦးအတွက် လူမှုဖူလုံရေး ဆေးခန်း (၁၅) ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်း (၃၄) ခန်း၊ Capitation Payment စာချုပ်ဆေးခန်း () ခန်းနှင့် Specialist OG OPD ပြသနိုင်သောဆေးခန်း (၂၆) ခန်း ဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် မတ်လအထိ လူနာဦးရေ (၈၄,၄၄၇) ဦးကို ဆေးဖိုးငွေကျပ် (၅၀၈၆) သန်း ပေးအမ်းခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)