နေပြည်တော် ဧပြီ ၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့နံနက်ပိုင်းတွင် ဥရောပအာရှ စီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာ ဆာဂေး ဂလေးဇီးယပ်နှင့် အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။
နှစ်ဘက်ဆွေးနွေးရာတွင် ရုရှားနိုင်ငံမှ ထုတ်လုပ်သည့် ဓါတ်မြေဩဇာများကို မြန်မာနိုင်ငံသို့ တိုက်ရိုက်တင်ပို့နိုင်ရေးနှင့် မြန်မာနိုင်ငံ၏ ဓါတ်မြေဩဇာတင်သွင်းမှု ဆိုင်ရာ လုပ်ငန်းစဉ်များ ၊ မြန်မာနိုင်ငံ၏ ဆန်၊ ကော်ဖီ၊ သစ်သီးဝလံများနှင့် စိုက်ပျိုးရေး ထွက်ကုန်များ၊ ရေထွက်ကုန်များအပေါ် ဥရောပအာရှ စီးပွားရေးသမဂ္ဂ (EAEU) အဖွဲ့ဝင်နိုင်ငံများ၏ ဈေးကွက်လိုအပ်ချက်နှင့် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ညှိနှိုင်းဆောင်ရွက်ထားရှိမှု ၊ ကော်ဖီဆီထွက်သီးနှံ အပါအဝင် စိုက်ပျိုးထုတ်လုပ်ခြင်းကို မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြုပ်နှံလုပ်ကိုင်နိုင်မှု အခွင့်အလမ်းများ၊ Myanmar GAP ထုတ်ကုန်တစ်ခုဖြစ်သည့် ကော်ဖီကို (EAEU) နိုင်ငံများသို့ တင်ပို့ရောင်းချ ပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဆီထွက်သီးနှံနှင့် ဝါသီးနှံ မျိုးကောင်းများ အသုံးပြု နိုင်ရေး ၊ သဘာဝမြေဩဇာ ထုတ်လုပ်မှုနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အာလူးမျိုးကောင်းမျိုးသန့်ထုတ်လုပ်မှု နည်းပညာမျှဝေဖလှယ် ဆောင်ရွက်သွားမည့် အခြေအနေများ ၊ မြန်မာနိုင်ငံ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှင့် နည်းပညာပူးပေါင်း ဆောင်ရွက်နိုင်ရေး ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဥရောပအာရှစီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင်၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာ ဆာဂေး ဂလေးဇီးယပ်တို့သည် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
