နေပြည်တော် စက်တင်ဘာ ၁၆
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း သည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ် မြေအတွင်းရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ရွှေမြို့ပင်မဓာတ် အားခွဲရုံနှင့် ရေအားလျှပ်စစ်အကောင်အထည် ဖော်ရေးဦးစီးဌာန၊ အမှတ်(၁)တည်ဆောက် ရေး ပေါင်းလောင်းအခြေစိုက်ဝင်းအတွင်းရှိ ညွှန်ကြားရေးမှူးရုံးများ၏ လုပ်ငန်းဆောင် ရွက်မှုအခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ရွှေမြို့ပင်မဓာတ်အားခွဲရုံသို့ရောက်ရှိပြီး တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှုကိုရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ထရန်စဖော် မာတိုးချဲ့ တည်ဆောက်ခြင်းနှင့် ဓာတ်အားလိုင်းသွယ်တန်းခြင်း လုပ်ငန်းများ သတ်မှတ် ကာလအတွင်းပြီးစီးရေး ဆောင်ရွက်သွားရန်မှာကြား၍ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ကာ ဓာတ်အားထိန်းချုပ်ခန်းအတွင်း လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် Switch Yard အတွင်း လက်ရှိဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ၏ ဝန်အားထိန်းညှိဖြန့်ဖြူးပေးနေမှု၊ ရွှေမြို့-ရမည်းသင်း ၂၃၀/၆၆/၁၁ ကေဗွီ(၁၀၀)အမ်ဗွီအေ ထရန်စဖော်မာတိုးချဲ့ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အထက် ကျိုင်းတောင်း Labyrinth Spillway Hydraulic Model Test စမ်းသပ်ခဲ့မှုအခြေအနေနှင့် လက်တွေ့ရေထုတ် လွှတ်စမ်းသပ်မှု အခြေအနေနှင့် မြေ၊ ဘိလပ်မြေ၊ ပိုဇိုလန်၊ သဲ၊ ကျေက်စရစ်၊ သံချောင်းများနှင့် ကွန်ကရစ်နမူနာ စမ်းသပ်စစ်းဆေးရာတွင် အသုံးပြုသည့် စက်ပစ္စည်းများနှင့် စမ်းသပ်ခဲ့သည့်နမူနာများကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်တည် ဆောက်ရာတွင် အသုံးပြုခဲ့သည့် စက်ယန္တရားကြီးများနှင့် အဆိုပါစက်ယန္တရား ကြီးများပြုပြင်ရာတွင် အသုံးပြုသည့် စက်ပစ္စည်းများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေအားလျှပ်စစ်ဖွံဖြိုးမှု လေ့ကျင့်ရေး သင်တန်းကျောင်းသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဓာတ်ခွဲခန်းများသည် ရေအားလျှပ် စစ်တည်ဆောက်ရေး၏ အခြေခံအကျဆုံးဖြစ်သော စမ်းသပ်ချက်များ၊ တွေ့ရှိချက်များကို ဖော်ထုတ်ပေးနေရသည်ဖြစ်သဖြင့် မှန်ကန်တိကျရန် လိုအပ်ပါကြောင်း၊ ရေအားလျှပ်စစ်စီမံကိန်းများသည် စက်ယန္တရားများကို အဓိက အားပြုလုပ်ကိုင်ရသဖြင့် ယန္တရားအလုပ် ရုံများအနေဖြင့် ပြင်ရမည့်အပိုင်းများကို သေချာစွာ ပြင်ဆင်သွားရန်နှင့် စက်စွမ်းရည်အပြည့် အသုံးချနိုင်ရေး၊ လုပ်ငန်းခွင်ရောက်မှ ပြင်ဆင်ရခြင်းမျိုးမဖြစ်စေရေး အထူးဂရုပြုဆောင် ရွက်သွားရန် လိုအပ်ကြောင်း မှာကြားပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်