နေပြည်တော် ဇူလိုင် ၂
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေး၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဒေါက်တာထူးခြားအောင်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး အားကစားဥယျာဉ်အတွင်းရှိ အားကစားကွင်း/အားကစားရုံများနှင့် Football for School အစီအစဉ်ဖြင့် အားကစားနည်းအလိုက် သင်တန်းသား သင်တန်းသူများ၏ လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဦးစွာ Football for School အစီအစဉ်အဖြစ် အခြေခံဘောလုံးအားကစားသင်တန်း၊ အခြေခံလက်ဝှေ့အားကစားသင်တန်း၊ အခြေခံကရာတေးအားကစားသင်တန်းတို့တွင် အားကစားနည်းစနစ်များ စနစ်တကျလေ့ကျင့်သင်ကြားပေးနေမှုကို လိုက်လံကြည့်ရှုအားပေးပြီး သင်တန်း သားများအတွက် အားကစားပစ္စည်းများနှင့် အင်အားဖြည့် Royal-D အချိုရည်များကို ထောက်ပံ့ပေးအပ်သည်။
ကြည့်ရှုအားပေး
ထို့နောက် ဝေါမြို့နယ် အားကစားကွင်း/အားကစားရုံများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဝေါမြို့နယ်အားကစားကွင်း၌ ကျင်းပသည့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်) တန်း ဘောလုံးပြိုင်ပွဲတွင် ကျိုက်လှအသင်းနှင့် နောင်ပတ္တရာအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


