mdn

နေပြည်တော် ၁၆ အောက်တိုဘာ

 

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း စက်ရုံ/အလုပ်ရုံများ ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေအနေများ လူမှုဖူလုံရေး အကျုံးဝင် စက်ရုံ၊အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အလုပ်သမားများ၊ ဝန်ထမ်းများအား လူမှုဖူလုံရေးထောက်ပံ့ငွေများ ဆက်လက်ခွင့်ပြု ထုတ်ပေးနေသည့် အခြေအနေများနှင့် ပတ်သက်၍ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် Video Conference စနစ်ဖြင့် ကျင်းပသည်။

 

ဆွေးနွေးပွဲသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ အလုပ်သမား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယခုကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်း ကူးစက်ပြန့်ပွားမှုကာလတွင် အလုပ်သမားရေးရာ ကဏ္ဍအားဦးစားပေးကဏ္ဍအဖြစ် သတ်မှတ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အောက်တိုဘာ ၁၂ ရက်မှစ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် A အဆင့်ရှိသည့် စက်ရုံ၊ အလုပ်ရုံများအား သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းချက်များနှင့်အညီ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် လုပ်ကိုင်ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ အလွန်ကာလတွင် စီးပွားရေးပြန်လည်ကောင်းမွန်လာရေး၊ တည့်မတ်နိုင်ရေးအတွက် ရည်ရွယ်၍ ရေရှည်အကျိုးကိုကြည့်ကာ သက်ဆိုင်သူအားလုံးက ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ အချို့ စက်ရုံ၊ အလုပ်ရုံများအား မူလသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည့်အတွက် ဆက်လက်လုပ်ကိုင်ခွင့်ပြုသည့်အပေါ် အလုပ်သမားအချို့၏ စိုးရိမ်ပူပန်မှုများကို လည်းနားလည်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့် ကိုက်ညီစေရန် အလုပ်ရှင်နှင့် အလုပ်သမားအားလုံးက တိကျစွာ လိုက်နာလုပ်ဆောင်ကြရန် အထူးအရေးကြီးကြောင်း၊ တင်ပြလာသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိဟုယူဆသော စက်ရုံ၊ အလုပ်ရုံများကိုလည်း သက်ဆိုင်ရာဌာနများက ရှောင်တခင် စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာစက်ရုံများရှိ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့များကလည်း မိမိစက်ရုံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်၍ အလုပ်ရှင်၊ အလုပ်သမား ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ လူမှုဖူလုံရေးအဖွဲ့မှ ကိုဗစ်-၁၉ ကာလအတွင်း ဖြေလျော့ပေးမှုများအနေဖြင့် ထည့်ဝင်ကြေးပေးသွင်းသည့် ကာလကို သက်ဆိုင်ရာလကုန်ဆုံးပြီးနောက် ()လနောက်ဆုတ် ပေးသွင်းခွင့်ပြုခြင်း၊ အလုပ်လက်မဲ့ကာလအတွင်း မကျန်းမာမှု ငွေကြေး အကျိုးခံစားခွင့်/ဆေးဘိုးနှင့် ခရီးစရိတ်များကို ၆ လမှ ၁ နှစ်အထိခံစား ခွင့်ပြုခြင်း၊ ကိုယ်ဝန်ဆောင်အာမခံ အလုပ်သမားများကို မကျန်းမာမှု ငွေကြေးအကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်း ခွင့်ပြုခြင်းနှင့် Quarantine ဝင်ရသည့် အာမခံအလုပ်သမားများ မကျန်းမာမှု ငွေကြေးအကျိုး ခံစားခွင့် ၆၀ ရာခိုင်နှုန်း ခွင့်ပြုပေးခဲ့ပါကြောင်း။

 

ထောက်ပံ့မှုများအနေဖြင့် COVID-19 ပထမလှိုင်း ကာလဧပြီ (၂၀) ရက်မှမေ (၁၅) ရက်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ အစစ်ဆေးခံရန် ခေတ္တပိတ်ထားသောစက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနပေါင်း (,၄၂၉) ခုမှ၊ အလုပ်သမားပေါင်း (၈၀၀,၂၆၀) အတွက် ငွေကျပ်သန်း (,၉၆၄၀ ဒသမ ၆၃၆)ကို ခွင့်ပြုထုတ်ပေးခဲ့ပြီး၊ ကျန်သောဌာနများကိုလည်း စိစစ်ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ COVID-19 ဒုတိယလှိုင်း ကာလရောဂါကူးစက်ပြန့်နှံ့မှုကို ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်သော အမိန့်ကြော်ငြာစာအမှတ် ၁၉၆/၂၀၂၀ နှင့် ၁၉၈/၂၀၂၀တို့အရ Stay at Home အစီအစဉ်တွင် အကျုံးဝင်သော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများတွင်ရှိသော အလုပ်သမား ၈၆၃,၉၀၀ အတွက် လူမှုဖူလုံရေးထောက်ပံ့ငွေ ၄၀ ရာခိုင်နှုန်း အားခွင့်ပြုပေးရန် ငွေကျပ်သန်း ၆၀,၁၄၆ သန်း လျာထားဆောင်ရွက်လျက် ရှိပါကြောင်း၊ လူမှုဖူလုံရေးထောက်ပံ့ငွေများ လျှောက်ထားရာတွင် Online Webportal နှင့် မြို့နယ်ရုံးခွဲမှတစ်ဆင့် လျှောက်ထားခြင်းများအား အောက်တိုဘာ ၁၅ ရက်အထိ လျှောက်ထားမှု အချက်အလက်ပြည်စုံသည့် ဌာန(,၁၂၃)ဌာနမှ အာမခံအလုပ်သမား ၁၅၅,၈၂၂ ဦး အတွက်ခွင့်ပြုငွေ ကျပ်သန်း (၁၀၅၅၀ ဒသမ ၀၃၂) ကို ခွင့်ပြုပေးခဲ့ပြီး ကျန်အလုပ်ဌာနများကိုလည်း ဆက်လက်ထုတ်ပေးသွားမည် ဖြစ်ပါကြောင်း၊ Stay at Home အဖြစ် သတ်မှတ်ထားသောကျန်သည့် မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးများရှိ မြို့နယ် (၁၁) မြို့နယ်ရှိ အလုပ်ဌာန (,၇၂၇) ဌာနရှိ အာမခံ အလုပ်သမား (၁၀၂,၃၅၉) ဦးအတွက် လူမှုဖူလုံရေးထောက်ပံ့ငွေ ၄၀ ရာခိုင်နှုန်းအား ခွင့်ပြုထုတ်ပေးသွားမည် ဖြစ်ပါကြောင်း။

 

ဆေးကုသမှု ဆောင်ရွက်ပေးနေမှုများအနေဖြင့် PUI လူနာများအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်ဆေးရုံ၊ မန္တလေးအလုပ်သမားဆေးရုံများတွင် ICU () ခုတင်၊ Isolation (၁၈) ခုတင် စုစုပေါင်း ခုတင်(၂၀) ပြင်ဆင်၍ ကုသမှုများဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ပထမလှိုင်းကာလ မတ် ရက်မှ ဇူလိုင် ၃၁ ရက် အထိ အတွင်းလူနာ (,၈၅၉) ဦး၊ ပြင်ပလူနာ (၄၀၃,၉၇၂) ဦးအား ဆေးကုသမှုပေးနိုင်ခဲ့ပြီး ဒုတိယလှိုင်းကာလ ဩဂုတ် ရက်မှ အောက်တိုဘာ ၁၄ ရက်အထိ အတွင်းလူနာ (၉၃၈) ဦး၊ ပြင်ပလူနာ (၁၇၂,၅၂၂) ဦးအား ဆေးကုသမှုပေးနိုင်ခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း အာမခံအလုပ်သမား(၇၇၂) ဦးမှာ Positive လူနာရှိပြီး သက်ဆိုင်ရာကျန်းမာရေးဌာန၊ တိုင်းဒေသကြီး ကိုဗစ်ကော်မတီမှ သတ်မှတ်ထားသော ဆေးရုံများတွင် ဆေးကုသမှု ခံယူလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း Quarantine ပြုလုပ်ခံရသည့် အာမခံအလုပ်သမား (၈၀၅၇) ဦး၊ ဆေးသက်သေခံလက်မှတ်ထုတ်ပြီးသူ (,၆၈၈)ဦး၊ မကျန်းမာမှု ငွေကြေးအကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်း ထုတ်ပြီးသူ အာမခံအလုပ်သမား (၄၉၉)ဦးအတွက် ငွေကျပ်(၄၅ ဒသမ ၃၉၅) သန်းကိုခွင့်ပြုထုတ်ပေးပြီး ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း အာမခံအလုပ်သမား ကိုယ်ဝန်ဆောင်မိခင် (,၈၈၂)ဦး၊ မကျန်းမာမှု ငွေကြေးအကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်း ထုတ်ပြီးသူ (,၃၉၅) ဦးအတွက် (၅၀၁ ဒသမ ၀၈၅) သန်းကို ခွင့်ပြုထုတ်ပေးပြီးဖြစ်ပါကြောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အနေဖြင့် အလုပ်သမားများ၏အကျိုး အလုပ်ရှင်များအကျိုးကို ဦးစားပေး စဉ်းစားလုပ်ဆောင် ပေးလျက်ရှိကြောင်း၊ အလုပ်သမားများအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များကို တိကျစွာ လိုက်နာဆောင်ရွက်သွားကြရန်နှင့် သက်ဆိုင်ရာများနှင့် ပူးပေါင်းလုပ်ဆောင်ကြရန် တိုက်တွန်းပြောကြားသည်။

 

ဆက်လက်၍ တက်ရောက်လာသည့် အလုပ်သမားအဖွဲ့အစည်းများမှ လတ်တလော စက်ရုံ၊ အလုပ်ရုံများ ဖွင့်လှစ်ဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများ၊ ပြဿနာများနှင့် ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အလုပ်ရှင်၊ အလုပ်သမားများ ပူးပေါင်းဆောင်ရွက်ထားသည့် အခြေအနေများနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအား လိုက်နာမှုမရှိသည့် စက်ရုံအလုပ်ရုံများအား တာဝန်ရှိသူများမှ စစ်ဆေးကြပ်မတ်ပေးနိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်

mdn