နေပြည်တော် ၄ စက်တင်ဘာ 

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ဒိန်းမတ်နိုင်ငံ အလုပ်အကိုင်ဝန်ကြီးဌာနဝန်ကြီး Mr. Peter Hymmelgaard Thomsem ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် ဒိန်းမတ်နိုင်ငံ အလုပ်အကိုင်ဝန်ကြီးဌာနတို့အကြား နားလည်မှုစာချွန်လွှာများ ရေးထိုး၍ ကူညီခဲ့မှု၊ အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရကိုယ်စားလှယ်များ သုံးပွင့်ဆိုင် ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးကူညီခဲ့မှုနှင့် အတွေ့အကြုံများဖလှယ်ခဲ့မှု၊ မြန်မာနှင့်ဒိန်းမတ်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒိန်းမတ်နိုင်ငံနှင့် အခြားအဖွဲ့အစည်းများ၏ အကူအညီဖြင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဥပဒေအား ရေးဆွဲအတည်ပြုပြဌာန်းခဲ့ပြီး ဥပဒေနှင့်ပတ်သက်၍ ပညာပေးဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ဥပဒေအား အကောင်အထည်ဖော်ရာတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများ၊ ဥပဒေနှင့်ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပူးပေါင်း၍ ILO၊ အတွေ့အကြုံရှိသည့် နိုင်ငံများ၏ အကူအညီများဖြင့် ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများ၊ ဒိန်းမတ်နိုင်ငံတွင် တရားမဝင်ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားဟု ယူဆရသူများအား နှစ်နိုင်ငံညှိနှိုင်း၍ စိစစ်ဆောင်ရွက်ပြီး ပြန်လည်လက်ခံရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

 

 သတင်းစဉ်