နေပြည်တော် ၅ ဇန်နဝါရီ

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ လူမှုဖူလုံရေးစီမံကိန်း လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နည်းပြမွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင်  အဆိုပါဝန်ကြီးဌာန အစည်းအဝေးခမ်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ လူမှုဖူလုံရေးအဖွဲ့ တိုင်းဒေသကြီး/ ပြည်နယ်များမှ အမှုထမ်း/အရာထမ်းများ တက်ရောက်ကြသည်။

အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် အလုပ်သမားရေးရာကိစ္စရပ် များနှင့်ပတ်သက်၍ အလုပ်သမားဥပဒေများနှင့်အညီ အစိုးရ၊အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင်ပူး ပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး မျှော်မှန်းချက်များချမှတ်ပြီး တည်ငြိမ် အေးချမ်းသည့် လုပ်ငန်းခွင်များဖြစ်ပေါ်စေရေး၊ အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်များ ရရှိစေရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ သင့်လျော်‌ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် ဘေးကင်းသည့် ရွှေ့ပြောင်းသွားလာမှုဖြစ်ပေါ်စေရေး၊ ကျွမ်းကျင်မှု လေ့ကျင့်သင်ကြား ပေးရေး၊ လူမှုအကာအကွယ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်‌ရေး ရည်မှန်းချက်(၉) ရပ်ဖြင့်လုပ်ငန်း များအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

အဆိုပါ မျှော်မှန်းချက်၊ ရည်မှန်းချက်များအရလူမှုဖူလုံရေးစီမံကိန်းပါ လုပ်ငန်းများကို ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့် အညီဆောင်ရွက်ပေးလျက်ရှိပြီး၊ စီမံကိန်းအကျုံးဝင်အာမခံ အလုပ် သမားများအတွက် အကျိုးခံစားခွင့်များ၊ လုပ်ငန်းစဉ်များအပါအဝင် ဥပဒေနှင့်စည်းမျဉ်းများဆိုင်ရာ သတင်းအချက်အလက်များအား အလုပ်ရှင်၊ အလုပ်သမားများမှ အလွယ်တကူရရှိနိုင်ရန်အတွက် အဓိကလုပ်ငန်းတာဝန်(၅)ရပ်အနေဖြင့် အလုပ်ဌာနနှင့်အလုပ်သမားများအား အကျုံးဝင်မှတ်ပုံတင် ခြင်း၊ ထည့်ဝင်ကြေးကောက်ခံခြင်း၊ ငွေကြေးအကျိုးခံစားခွင့်ထုတ်ပေးခြင်း၊ အာမခံအလုပ်သမား များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် လူမှုဖူလုံရေးစီမံကိန်းဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများကို အကျုံးဝင် မြို့နယ်ပေါင်း (၁၁၆) မြို့နယ်၌ဆောင်ရွက်ပေးလျက်ရှိကြောင်း။

အလုပ်ရှင်၊ အလုပ်သမားများက လူမှုဖူလုံရေးစီမံကိန်းပါအခွင့်အရေးများ၊ အကျိုးခံစားခွင့်များ၊ တာဝန်ဝတ္တရားများအပါအဝင်စနစ်၏ အရေးပါမှုကိုသိရှိနားလည်စေခြင်းဖြင့် လူမှုဖူလုံရေးစီမံကိန်း အပေါ် ယုံကြည်မှုရှိလာပြီး ချမှတ်ဆောင်ရွက်လျက်ရှိသည့် မူဝါဒနှင့်လုပ်ငန်းစဉ်များသည်လည်း အောင်မြင်လာမည်ဖြစ်ပါကြောင်း။ အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် လူမှုဖူလုံရေး အစီအစဉ် မှ ခံစားရရှိနိုင်မည့် အချက်အလက်များကိုသိရှိအောင် ဆောင်ရွက်ပေးနိုင်ရန် ကောင်းမွန်သည့် စီမံ အုပ်ချုပ်မှု နှင့်ယုံကြည်မှုတည်ဆောက်ခြင်းတို့အတွက် အသိပညာမြှင့်တင်ဆောင်ရွက်ခြင်းသည် အရေးပါသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါကြောင်း။

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ မဖြစ်ပွားခင်ကာလအတွင်း အသိပညာပေးလုပ်ငန်း များကို လစဉ်စီမံချက်များအရ မြို့နယ်ရုံးခွဲတာဝန်ခံများ၊ ဆေးခန်းတာဝန်ခံများ၊ အလုပ်သမား ဆေးရုံကြီးများမှ အထူးကုဆရာဝန်ကြီးများက ကွင်းဆင်းအသိပညာပေးခြင်းများနှင့် လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများကိုလည်း ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိပြီး၊ ကိုဗစ်-၁၉ ကာလ အတွင်းအသွားအလာကန့်သတ်ခြင်း၊ အလုပ်ဌာနများ၊ လုပ်ငန်းများ ယာယီရပ်နားခြင်းများ ဖြစ်ပေါ် ခဲ့ရာအသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန်အကန့်အသတ်ဖြစ်ခဲ့ရပါကြောင်း၊ ကိုဗစ်-၁၉ ကာလ ထိန်းချုပ်ရေးနှင့်ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများကိုအလုပ်ရှင်၊ အလုပ်သမားသမဂ္ဂများ နှင့်ပူးပေါင်းကာအမျိုးသားရေးအမြင်ဖြင့်အားထုတ်ဆောင်ရွက်လျက်ရှိပါကြောင်း။

ထို့အပြင် ကိုဗစ်-၁၉ ဖြစ်ပွားချိန်ကာလအတွင်းတွင်လည်း ဝန်ကြီးဌာနအနေဖြင့်လိုအပ်သည့် အမိန့်ကြော်ငြာစာနှင့် ညွှန်ကြားချက်များထုတ်ပြန်ခြင်း၊ လူမှုဖူလုံရေးအဖွဲ့မှလည်း လိုအပ်သည့် ဖြေလျော့ဆောင်ရွက်ပေးခြင်းနှင့် ငွေကြေးအထောက်အပံ့ပေးခြင်းအပြင် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါလုပ်ငန်းစဉ်များကို အာမခံအလုပ်သမားများအပါအဝင် အများ ပြည်သူသိရှိစေရန်နှင့် အသိပညာပေးနိုင်ရန်အတွက် သုံးပွင့်ဆိုင်အစည်းအဝေးများတွင် အလျဉ်း သင့်သလို ဆွေးနွေးပြောကြားခဲ့သော်လည်း လက်တွေ့၌ အလုပ်ရှင်၊ အလုပ်သမားများနှင့် အနီးကပ် ဆောင်ရွက်လျက်ရှိသည့် တိုင်းဒေသကြီး/ပြည်နယ် တာဝန်ခံအရာရှိများ၊ ခရိုင်တာဝန်ခံ အရာရှိများ၊ မြို့နယ်တာဝန်ခံအရာရှိများနှင့် ဆရာဝန်များအနေဖြင့် မိမိတို့လူမှုဖူလုံရေး စီမံကိန်းအကြောင်း၊ အာမခံအလုပ်သမားများအတွက် ဆောင်ရွက်နေမှုအခြေအနေ၊ ကိုဗစ်-၁၉ ကာလအတွင်း‌ ဖြေလျော့ ပေးနေမှု၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ဆက်လက်အသိပညာမျှဝေပေးရမည် ဖြစ်ကြောင်း။

ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတကာတွင်စီးပွားရေး၊ လူမှုရေးအခြေအနေများစွာ ထိခိုက်စေခဲ့ပြီး ကိုဗစ်-၁၉ အလွန် New Normal အခြေအနေနှင့်လိုက်လျောညီထွေရှိမည့် အခြေအနေ များနှင့်အညီ ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် New Normal တွင် လူမှုဖူလုံရေးစီမံကိန်းဆိုင်ရာ အသိပညာပေးမှုများအား Online မှ တစ်ဆင့်ဆောင်ရွက်ပေးရန်ဆင့် ပွားသင်တန်းပေးနိုင်ရေးအတွက် Training of Trainers သင်တန်းကို အရေးပါသည့်လုပ်ငန်း စဉ်အဖြစ် ခံယူဆောင်ရွက်သွားရန်လိုအပ်ကြောင်း။ ယခုကဲ့သို့ Online စနစ်ဖြင့် လူမှုဖူလုံရေးအဖွဲ့ မှဆောင်ရွက်ပေးနေသည့်လုပ်ငန်းများ၊ ဖြေလျော့ပေးနေမှုများကို အလုပ်ရှင်၊ အလုပ်သမားများသိရှိ အောင်လုပ်ဆောင်ခြင်းဖြင့် ဝန်ကြီးဌာနနှင့်လူမှုဖူလုံရေးအဖွဲ့တို့၏ ရည်မှန်းချက်များ၊ မူဝါဒ၊ လုပ်ငန်း စဉ်များ အကောင်အထည်ဖော်ရာတွင် သိရှိပြီးပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းပြော ကြားသည်။

ထို့နောက် လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။            အဆိုပါသင်တန်းကို Online မှသင်ကြားပို့ချသွားမည်ဖြစ်ပြီး၊ ဇန်နဝါရီ (၅) ရက်မှ (၂၁) ရက်အထိ (၃) ပတ်သတ်မှတ်ကာ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှသင် တန်းသား (၂၆၉) ဦးကို တန်းခွဲအလိုက် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်