နေပြည်တော်  ၁၉   ဒီဇင်ဘာ

            

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Mr. Ola Almgren အား ယနေ့မွန်းလွဲ (၃) နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

5

            

တွေ့ဆုံစဉ် အလုပ်သမားရေးရာကိစ္စရပ်များအား ILO, IOM အပါအဝင် အခြားကုလသမဂ္ဂ အဖွဲ့အစည်းများဖြင့်လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကိစ္စရပ်များအား UNDP , UNHCR , UNFPA တို့နှင့်လည်းကောင်း ပူးပေါင်းဆောင်ရွက်မှု ရွှေ့ပြောင်းအလုပ် သမားများအား ကုလသမဂ္ဂအဖွဲ့အစည်းများမှ ပံ့ပိုးကူညီဆောင်ရွက်နေမှု၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများ လုံခြုံစိတ်ချစွာ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးအတွက် UNDP,UNHCR တို့နှင့် ဝန်ကြီးဌာနတို့အကြား နားလည်မှုစာချွှန်လွှာ (MoU) လက်မှတ်ရေးထိုးဆောင်ရွက်နေမှု၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မိမိသဘောဆန္ဒအရ ပြန်လည်ဝင်ရောက်လာသူ (၄၀၀) ကျော်ကိုလည်း စနစ်တကျနေရာချထားပေးနိုင်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ IDP စခန်းများ၌ Mobile Team များဖြင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ မြန်မာနိုင်ငံရှိ IDP စခန်းများအား ဦးစားပေးအလိုက် ပိတ်သိမ်းနိုင်ရေးလုပ်ငန်းစဉ်များတွင် ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီပေးနိုင် ရေးအစီအစဉ်များအတွက် ILO, IOM တို့နှင့်ပူးပေါင်းဆောင်ရွက်မှု၊ ကုလသမဂ္ဂအဖွဲ့အစည်းများ အနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရာတွင် ထိရောက်သောပံ့ပိုး ကူညီမှုဖြစ်စေရေးအတွက် ဖွံ့ဖြိုးရေး လုပ်ငန်းများပါ ပေါင်းစပ်ကူညီဆောင်ရွက်မည့် အစီအစဉ်များ၊ မြန်မာနိုင်ငံ၏ လူမှုဘဝမြှင့်တင်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ပူးပေါင်းကူညီ ဆောင်ရွက်နိုင်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

5

 

(သတင်းစဉ်)