နေပြည်တော်  ၈   ဖေဖော်ဝါရီ 

 

           

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လုပ်သားများကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းတာဝန်ခံဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက   သင်တန်းကျောင်း၏ လေ့ကျင့်သင်ကြားဆောင်ရွက်နေမှုနှင့်  လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြပြီး ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ဖြည့်စွက် ရှင်းလင်းတင်ပြသည်။

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ပြီး ပြည်ပသို့ အလုပ်လုပ်ကိုင်ရန် ထွက်ခွာမည့်လုပ်သားများ၏ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုနေမှု အခြေအနေများ၊ ပြည်ပသို့ အလုပ်လုပ်ကိုင်ရန် သွားရောက်မည့် လုပ်သားများအတွက် ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းပို့ချနေမှုများအား ကြည့်ရှု့၍ လုပ်သားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားကာ လိုအပ်ချက်များ မေးမြန်း၍ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနနှင့် အောင်မြင်မှု သင်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်လျက်ရှိသည့် အထည်ချုပ်သင်တန်းဖွင့်လှစ်မှု ကိုရီးယားနိုင်ငံမှ လှူဒါန်းထားသည့် ကိုရီယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် လုပ်သားများအတွက် လုပ်ငန်းခွင်အကြို သင်တန်းကျောင်း လက်ရှိတည်ဆောက်နေမှုများနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းကြည့်ရှု၍ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်စေရေးလုပ်ငန်းခွင် ဘေးအအန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ်ချိန်အမှီ ပြီးစီးအောင် ဆောက်ရွက်စေရေးတို့အား မှာကြားခဲကြောင်း သိရသည်။

 

(သတင်းစဉ်)