နေပြည်တော်  ၁၅  မေ

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် UNICEF MYANMAR မှ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Ms. June Kunugi နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Digital Meeting စနစ်ဖြင့် လက်ခံတွေ့ဆုံ ဆွေးနွေးသည်။

 

ထိုသို့တွေ့ဆုံစဉ် အဓ္ဓမခိုင်းစေမှု ပပျောက်ရေးအတွက် ဒုတိယသမ္မတ (၁) ဦးစီး၍ ပြည်ထောင်စုအဆင့် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဖွဲ့စည်း၍ အဆိုပါ ကော်မတီအောက်ရှိ လုပ်ငန်းကော်မတီ (၈) ခုတွင် ဥပဒေရေးရာ လုပ်ငန်းကော်မတီ ပါဝင်ပြီး ၎င်း၏ လုပ်ငန်းတာဝန်များတွင် ကလေး အလုပ်သမားနှင့် သက်ဆိုင်သည့် ဥပဒေများကို ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်းများ၊ ကလေးအလုပ်သမားဥပဒေ သုံးသပ်ပြင်ဆင်ခြင်း ကိစ္စရပ်များ ဆောင်ရွက်ရာတွင် Overlap မဖြစ်စေရေးသက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း။

 

mdn

 

ကလေးအလုပ်သမား ပပျောက်ရေးကို တိုင်းဒေသကြီး/ ပြည်နယ် ၅ ခုတွင် ILO နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိသည့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကလေးအလုပ်သမား ပပျောက်ရေးအတွက် မိမိတို့နိုင်ငံ အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုနှင့် သေဆုံးမှုများတွင် မြန်မာနိုင်ငံအနေဖြင့် လက်ရှိအနေအထားတွင် နည်းပါးသည့် အနေအထားတွင် ရှိပြီး အခြားနိုင်ငံများနှင့် ဆက်စပ်ဆောင်ရွက်မှု ရှိသည့်အတွက် လူမှုရေးနှင့် စီးပွားရေး ကဏ္ဍများတွင် ထိခိုက်ဆုံးရှုံးမှုကြောင့် ပြည်တွင်း/ ပြည်ပများတွင် Formal Sector  Informal Sector များတွင် အလုပ်လက်မဲ့ ဖြစ်ပေါ်မည့် အင်အားအခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊ အစိုးရအနေဖြင့် စီးပွားရေးပြန်လည် နလန်ထူ နိုင်ရေးအတွက် World Bank နှင့် IMF တို့၏ အကူအညီများဖြင့် စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများတို့နှင့် စပ်လျဉ်း၍လည်းကောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်