နေပြည်တော် ဧပြ ၂၆
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC) ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Alexander James Matheou ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် IFRC ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးက IFRC ၏ လုပ်ငန်း သဘောသဘာဝ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) က ဆောင်ရွက်နေသည့် လုပ်ငန်းများ ပိုမိုအားကောင်းလာစေရေး ကူညီပံ့ပိုးပေးနေမှုကို ဆွေးနွေးပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေး၊ သန့်ရှင်းရေး၊ အသိပညာပေးရေးကဏ္ဍများတွင် နည်းပညာအကူအညီများ ပေးအပ်ရေးနှင့် ပတ်သက်၍ ပြန်လည် ဆွေးနွေးပြောကြားသည်။
(သတင်းစဉ်)