နေပြည်တော် မတ် ၁၁

 

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာ သံအမတ်ကြီး မစ္စစ် ပွန်နမ်ပီရူမား အာရာချ်ချီဂီ ပရာ ဘာရှီနီ ပွန်နမ်ပီရူမားအား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးပိုမိုမြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား ဘုံအကျိုးစီးပွားဖြစ်ထွန်းစေ မည့်နယ်ပယ်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

 

သတင်းစဉ်