နေပြည်တော် ၉ ဇန်နဝါရီ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ဂျပန်နိုင်ငံ၊ ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Dr. SATO, Yukari နှင့်အဖွဲ့အား ယနေ့ မွန်းလွဲပိုင်း တွင်နေပြည်တော်ရှိ ရုံးအမှတ် (၅) ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ တိုးတက်ပြောင်းလဲလာသော ICT နည်းပညာများ၊ ဆက်သွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ နည်းပညာများနှင့် စာတိုက်ကဏ္ဍပူးပေါင်း ဆောင်ရွက်မှုများ စပ်လျဉ်း၍ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)