နေပြည်တော်  ၁၇  ဇွန် 
    

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် သည် ဇွန် ၁၅ ရက် နံနက်ပိုင်းက ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ဗလဗကျေးရွာ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

mdn


    

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပခုက္ကူမြို့နယ် ကျွန်းညိုကြီးကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိသော နေရာသို့လည်းကောင်း၊  (၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီးအစိုးရ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိသော မင်းလှမြို့ အမှတ်(၁)ရပ်ကွက် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းကိုလည်းကောင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။ 

 

mdn


    

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မင်းဘူး(စကု)မြို့နယ် ၊ နိဗ္ဗာန်ကျွန်း ကျေးရွာ ၊ ဧရာဝတီမြစ်ရေတိုက်စားမှု အတွက်အမျိုးသားသဘာဝ ဘေးဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် အရေးပေါ် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေးရာ လုပ်ငန်း တာဝန်ခံက Steel Cable Groyne(၂၀)ခုဖြင့် ဆောင်ရွက်ထားမှုနှင့် ကမ်းပါးဆင်ခြေလျော ပြုပြင်ခြင်း အလျား ပေ (၃၅၀ဝ) ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။

 

(သတင်းစဉ်)