နေပြည်တော် ၁၁ ဖေဖော်ဝါရီ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်)ကူမား အား ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် နေပြည်တော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ကဏ္ဍများတွင် အိန္ဒိယသမ္မတနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၊ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးမည့် နားလည်မှု စာချွန်လွှာများ၏ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုများနှင့် ဆက်လက်အကောင်ထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြသည်။
သတင်းစဉ်