နေပြည်တော် ၅ စက်တင်ဘာ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီး မစ္စတာ စကော့မာစီရယ် နှင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး ၏ဧည့်ခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် အနာဂတ်ကုန်စည် သယ်ယူပို့ဆောင်ရေး လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ဆိပ်ကမ်းလုပ်ငန်းများဖွံ့ဖြိုးစေရန် လေ့လာဆန်းစစ်မှု လုပ်ငန်းများ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ ရထားပို့ဆောင်ရေးကဏ္ဍတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် ဆိုက်ဘာဥပဒေမူကြမ်း ရေးဆွဲခြင်း ကိစ္စရပ်များ မြန်မာနိုင်ငံ ဆက်သွယ်ရေး ကော်မရှင်ဖွဲ့စည်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် 5G လှိုင်းနှုန်းစဉ် သတ်မှတ် ချထားခြင်းလုပ်ငန်းတို့အပေါ် ဆွေးနွေးကြသည်။
(သတင်းစဉ်)


