နေပြည်တော် ၁၀ ဇန်နဝါရီ
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီး H.E Mr. Scot Marciel နှင့်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၅)၌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်အား လာရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ဆိပ်ကမ်းလုံခြုံရေး၊ ဆိပ်ကမ်းများဖွံ့ဖြိုးတိုးတက်ရေး၊ ရထားပို့ဆောင်ရေး၊ လေကြောင်းပို့ဆောင်ရေး၊ ဆိုက်ဘာလုံခြုံရေးနှင့် နည်းပညာ အကူအညီပေးရေး ကိစ္စရပ်များတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။
(သတင်းစဉ်)