နေပြည်တော်   ၃  ဖေဖော်ဝါရီ

 

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာလီကွတ်ဝ်သွမ် အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍဆိုင်ရာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက် နိုင်မည့် အခြေအနေများအပေါ် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်