နေပြည်တော်  ၁၄   ဇွန် 


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး Mr. Ichiro Maruyama နှင့် အဖွဲ့အား ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။ 


တွေ့ဆုံစဉ် ရေကြောင်းကဏ္ဍတွင် Port Master Plan ရေးဆွဲနိုင်ရေးကိစ္စ၊ ရထား ကဏ္ဍတွင် ရန်ကုန်မြို့ပတ်ရထားလမ်း၌ အသုံးပြုရန် ဂျပန်နိုင်ငံမှ ကူညီပေးအပ်သော Train Cars (၃၀)ဆောလျင်စွာ လက်ခံရရှိရေးကိစ္စ၊ ဆက်သွယ်ရေးကဏ္ဍတွင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


(သတင်းစဉ်)