နေပြည်တော် ၁၃ စက်တင်ဘာ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro MARUYAMA နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ရန်ကုန်မြို့ပတ် ရထားလမ်းတွင် အသုံးပြုမည့် လူစီးတွဲရထားများ အချိန်မီရရှိရေးအတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်။
(သတင်းစဉ်)


