နေပြည်တော် ၁၇ စက်တင်ဘာ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး Mr. Lee Sang-hwa အား ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မန္တလေး-မြစ်ကြီးနား ရထားလမ်း အဆင့်မြှင့်တင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒလဘက်ခြမ်း ကမ်းခြေတွင် ဖြစ်နိုင်ခြေ လေ့လာရေး ဆောင်ရွက်လျက်ရှိမှု၊ အံ့ကြီးသင်္ဘောကျင်း အဆင့်မြှင့်တင်ရေး၊ မုံရွာဆိပ်ကမ်းနှင့် ကုန်းတွင်းဆိပ် တည်ဆောက်ရေး၊ မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍဆိုင်ရာ စီမံကိန်းလုပ်ငန်းများနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)


