နေပြည်တော်  ၃   နိုဝင်ဘာ 


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံသံအမတ်ကြီး Mr. Zahairi Baharim အား နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။ 

တွေ့ဆုံစဉ် ဆိပ်ကမ်းလုပ်ငန်းများ၊ ရထားလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှု၊ e-government လုပ်ငန်းဆိုင်ရာများနှင့် နှစ်နိုင်ငံပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စများအား အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။


(သတင်းစဉ်)