နေပြည်တော် ၁၁ နိုဝင်ဘာ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် သည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး Ms. Tone Tinnes အား နေပြည်တော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် နော်ဝေနိုင်ငံတို့အကြား ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ အနာဂတ်တွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အလားအလာများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ခဲ့ကြသည်။
(သတင်းစဉ်)


