နေပြည်တော်    အောက်တိုဘာ

 

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် သည် ကရင်ပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၊ သစ်တောသတ္တုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောပြည်သာ၊ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ရက် နံနက်ပိုင်းတွင် မြဝတီမြို့ရှိ Border Control Facilities အဆောက်အဦတွင် ကျင်းပသော Border Control Facilities အဆောက်အဦ၌ တာဝန်ချထားမည့် အဖွဲ့အစည်းများ ကုန်သွယ် လုပ်ငန်းရှင်အဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည်။

 

 

2

 

တွေ့ဆုံပွဲတွင် တက်ရောက်လာကြသည့် ဌာနဆိုင်ရာအဖွဲ့အစည်းများက လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ဌာနတစ်ခုချင်းစီ၏ လုပ်ဆောင်သွားမည့်လုပ်ငန်းများ၊ လုပ်ငန်း တာဝန်များအား အသေးစိတ်ရေးဆွဲ ဆောင်ရွက်သွားမည့် အစီအမံများ၊ ဖြတ်သန်းခ နှုန်းထားများ၊ လမ်းတံတားများ ပြုပြင်ရမည့်အခြေအနေများအား အသေးစိတ် တင်ပြခဲ့ကြပြီး ကုန်သွယ်လုပ်ငန်းရှင် အဖွဲ့အစည်းများကလည်း ဆောင်ရွက်နိုင်သည့် လုပ်ငန်းအခြေအနေများအား တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား ဖြည့်ဆည်း မှာကြားသည်။

 

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် သထုံခရိုင်၊ ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။ အခမ်းအနားတွင် တာဝန်ရှိသူများက ဘီးလင်းမြစ် ရေကြီးရေလျှံမှု ကာကွယ်တာဆီး နိုင်ရေး၊ ရေလမ်းကြောင်းကောင်းမွန်စွာ စီးဆင်းနိုင်စေရေး ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများအား ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်မှာ ကြားခဲ့ကြောင်း သိရသည်။

 

 

(သတင်းစဉ်)