နေပြည်တော် ၅ အောက်တိုဘာ

 

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ယမန်နေ့နံနက်ပိုင်းတွင် RBE ရထားဖြင့် ရန်ကုန် - မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းအဆင့်(၁)၏ ရန်ကုန် - တောင်ငူ ရထားလမ်းပိုင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

 

ရှေးဦးစွာ အုတ်တွင်းဘူတာရှိ CP 103 လုပ်ငန်းရှင်းလင်းဆောင်၌ တာဝန်ရှိသူများက လမ်းပိုင်းပြုပြင်ခြင်းလုပ်ငန်းအား အပိုင်းလိုက်ခွဲ၍ ဆောင်ရွက်နေမှု၊ ကွန်ကရစ်လောင်းခြင်း လုပ်ငန်းများဆောင်ရွက်နေမှု၊ သံလမ်းများရောက်ရှိမှု၊ သံလမ်းဆက်များ၊ အချက်ပြစနစ်များနှင့် တံတားပြုပြင် တည်ဆောက်သွားမည့် အခြေအနေ၊ တစ်လမ်းမောင်းစနစ် အသုံးပြုပြီး ရထားမောင်နှင်မှုတွင် အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်အောင်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းတင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများမြန်ဆန်စွာပြီးစီးရေး ကြိုးစားဆောင်ရွက်သွားကြရန်၊ ရထားလမ်းကူးများနှင့် တံတားများတွင် အန္တရာယ်ကင်းရှင်းအောင် သွားလာနိုင်အောင် ဂရုပြုဆောင်ရွက်သွားကြရန်၊ တံတားများတည်ဆောက်ရာတွင် ရေလမ်းကြောင်းပျက်စီးမှုမရှိ‌အောင် ဆောင်ရွက်သွားကြရန် မှာကြားသည်။

 

 

ထို့နောက် ပြည်တောင်စုဝန်ကြီးသည် ဖြူးဘူတာ အဆင်မြှင့်တင်တည်ဆောက်မည့်ပုံစံနှင့် Shopping Centre ပုံစံ၊ ညောင်လေးပင်ဘူတာ အဆင့်မြှင့်တင်တည်ဆောက်မည့်ပုံစံတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

 

ယင်းနောက် ကျိုက္ကသာဘူတာနှင့် မုပ္ပလင်ဘူတာအကြားရှိ ခလွန်တံတား ရေတိုက်စားမှုအား ပြုပြင်တည်ဆောက်နေမှု၊ နှင်းပုလဲဘူတာနှင့် ဒုံဝန်းဘူတာအကြားရှိ တံတားအမှတ်(၇၂)A အား အသစ်တည်ဆောက်ပြီးစီးမှု၊ တံတားအမှတ်(၇၄) ရေလည်တိုင်အမှတ်(၄) ပြုပြင်တည်ဆောက်နေမှုများကို ကြည်ရှုစစ်ဆေးခဲ့သည်။

 

 

သတင်းစဉ်

 

1