နေပြည်တော်  ၁   ဒီဇင်ဘာ 


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် သည် ယမန်နေ့ နံနက်ပိုင်းတွင် RBE ရထားဖြင့် ရန်ကုန် - မန္တလေးရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းအဆင့် (၁)ရန်ကုန်- တောင်ငူ ရထားလမ်းပိုင်း လုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

 

ေ

 

ရှေးဦးစွာ ဆွာဘူတာနှင့်ကုန်းကြီး ဘူတာအကြား တံတားအမှတ် 305 တည်ဆောက် ပြီး စီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် တောင်ငူဘူတာသို့ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံမှာကြား သည်။ ထို့နောက် အုတ်တွင်းဘူတာရှိ လုပ်ငန်းရှင်းလင်းဆောင်သို့ရောက်ရှိရာ တာဝန်ရှိ သူများက လမ်းပိုင်းပြုပြင်ခြင်းလုပ်ငန်းများအား အပိုင်းလိုက်ခွဲ၍ ဆောင်ရွက်မည့် အခြေအနေ၊ ကွန်ကရစ် လောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု ၊ သံလမ်းများ ရောက်ရှိမှု သံလမ်းဆက်ဝရိန် စက်များရောက်ရှိမည့် အခြေအနေနှင့် သံလမ်းဆက်များ ဆောင်ရွက်သွားမည့် အခြေအနေ၊ တံတားအောက်ခံမြေသားများအား စစ်ဆေးပြုပြင်ပြီး တံတားများတည်ဆောက်သွားမည့် အခြေအနေ၊ ယခင်လမ်းဟောင်းများမှ သံလမ်းများ ကွန်ကရစ်ဇလီဖားတုံးများ တံတားဘောင် များအား ဖြုတ်သိမ်းပြီးစနစ်တကျထားရှိမှု အခြေအနေ၊ အချက်ပြစနစ်များ တည်ဆောက် ပြုပြင်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများအား ကောင်းမွန်မြန်ဆန်စွာ ပြီးစီးရေး ကြိုးစားဆောင်ရွက်သွားကြရန်၊ တံတားများတည်ဆောက်ရာတွင် ရေလမ်း ကြောင်းကောင်းမွန်မှုအား ပျက်စီးမှုမရှိစေဘဲ ဆောင်ရွက်သွားကြရန်၊ နိုင်ငံခြားကုမ္ပဏီ များနှင့် တွဲ၍ ဆောင်ရွက်လျက်ရှိသော မြန်မာ ကုမ္ပဏီများ အနေဖြင့်လည်း  မိမိကုမ္ပဏီ အတွက်သာ အလုပ်လုပ်သည်ဟု သဘောမထားပဲ မိမိတို့နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရခြင်းအား ဂုဏ်ယူပြီး ကြိုးစားဆောင်ရွက်ပေးကြရန် မှာကြားသည်။ 

 

ေ

 

    
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖြူးချောင်း တံတားအမှတ် 203 သို့ ရောက်ရှိလာပြီး တံတားအောက်ခံမြေသား ပြုပြင်ဆောင်ရွက်နေမှုနှင့် ရေစီးရေလာ ကောင်းမွန်စေရန် ရေလမ်းကြောင်းပြုပြင်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး တော်ဝိဘူတာ နှင့် ညောင်ပင်သာဘူတာကြား မိုင်တိုင်အမှတ် ၉၅/၅-၆ တွင် အောက်ခံ မြေသား ပြုပြင်ရန်စက်ဖြင့် စမ်းသပ်နေမှုအား ကြည့်ရှုစစ်ဆေးသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်ပုံကြီး ဘူတာနှင့် ဘုရားကြီးဘူတာအကြား ရှိတံတားအမှတ် ၈၃ နှင့်၇၉ တံတားများ ပြုပြင် နေမှုနှင့် ထုံးကြီး ဘူတာအနီး CP-101 အပိုင်းမှ ရထားလမ်းများ ပြုပြင်ထားရှိမှုတို့အား ကြည့်ရှု့စစ်ဆေးသည်။

(သတင်းစဉ်)