နေပြည်တော် ၁၃ မတ် 

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ဆောင်ရွက်မှုများကို စနစ်တကျ အသိပညာပေးနိုင်ရေးအတွက် ပံ့ပိုးကူညီလျက်ရှိသည့် Suu Foundation မှ Road Safety Special Advisor Prof. Dr. Shaw Voon Wong နှင့် အဖွဲ့ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးရုံး၌ တွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် ကုလသမဂ္ဂ ဥရောပဒေသဆိုင်ရာ စီးပွားရေးကော်မရှင် (United Nations Economic Commission for Europe – UNECE)က သတ်မှတ်ထားသည့် စံချိန် စံညွှန်းများနှင့် ကိုက်ညီသော ဆိုင်ကယ်စီးဦးထုပ်များ အသုံးပြုရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပနိုင်ရန် Suu Foundation မှ ဆက်လက်ပံ့ပိုးကူညီပေးနိုင်ရေး၊ Road Safety Audit နှင့် Road Safety Inspection များကို Suu Foundation၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်နှင့် Total E&P Myanmar တို့ ဆက်လက် ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် မြန်မာနိုင်ငံ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းစီမံချက်(၂၀၂၁−၂၀၃၀) ပြုစုရေးဆွဲနိုင်ရေးစသည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။

 

သတင်းစဉ်