နေပြည်တော် ဖေဖော်ဝါရီ ၂၄

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အဝင်ရှိ ကျိုင်းဖောင်း ကုန်ပစ္စည်းစစ်ဆေးရေးဂိတ်နှင့် ကျိုင်းတုံမြို့အထွက်ရှိ နောင်နွမ်း ကုန်ပစ္စည်းစစ်ဆေးရေးဂိတ်များ သို့ သွားရောက်၍ ကုန်သွယ်မှုလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုနှင့် ပို့ကုန်ကုန်တင်ယာဉ်များ စစ် ဆေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မိမိနိုင်ငံမှ တင်ပို့သည့်ကုန်ပစ္စည်းများ စံချိန်စံညွှန်းမီဖြစ်စေ ရေး၊ မှန်ကန်သည့် ကုန်သွယ်မှုဖြစ်စေရေးနှင့် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေး အလေးထား ဆောင်ရွက်ရေး၊ နည်းပညာအရဆောင်ရွက်သည့် QR code စနစ်အတိုင်း တိကျစွာ စိစစ်မှတ်တမ်း တင်ရေးနှင့် လုပ်ငန်းများကို အဂတိကင်းရှင်းစွာဖြင့် သတ်မှတ်လုပ်ထုံးလုပ်နည်းများအတိုင်း စနစ်တကျကြပ်မတ်ဆောင်ရွက်ရေးတို့ကို မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေ့မွန်းလွဲပိုင်းတွင် ကျိုင်းတုံမြို့ ပို့ကုန် သွင်းကုန်ရုံး၌ ကုန်သွယ်ရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်မှချမှတ်ထားသော စီးပွားရေးဦးတည်ချက်များ၊ လုပ် ငန်းစဉ်များအတိုင်း လုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်ကြရန်၊ စွမ်းဆောင်ရည်ပြည့် ဝသောဝန်ထမ်းများဖြစ်စေရေးနှင့် အဂတိလုံးဝကင်းရှင်းစွာဖြင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ကြရေးတို့ကို မှာကြားပြီး ဝန်ထမ်းများနှင့်အတူ နေ့လယ်စာအတူတကွ သုံးဆောင်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ တာချီလိတ် ကုန်သွယ်ရေးစခန်း၌ One-Stop-Service(OSS)အဖွဲ့များ၊ ကုန်သည်အသင်းများမှ တာဝန်ရှိသူများ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက  ကုန်သွယ်မှုတိုးမြှင့်နိုင်ရေး ဆောင်ရွက်နေသည့် အစီအမံများအပေါ်အခြေခံ၍ ပို့ကုန်ကဏ္ဍပိုမို တိုးမြှင့်တင်ပို့နိုင်ရေး အလေးထားဆောင်ရွက်ကြရန်၊ လက်ရှိဈေးကွက်ရရှိပြီးသော နိုင်ငံများသို့ ပို့ကုန်ပိုမိုတင်ပို့နိုင်ရေး၊ ပို့ကုန်ကုန်စည်အမယ်အသစ်များ ရှာဖွေ၍ ပိုမိုတင်ပို့နိုင်ရေး၊ ကုန်သွယ်မှုလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေး၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနှင့် မှန်ကန်မြန်ဆန်စေရေး OSS အဖွဲ့တွင် ပါဝင်ဆောင်ရွက်နေသည့် ဌာနများနှင့် ကုန်သည်အသင်းအဖွဲ့များပေါင်းစပ်၍  ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

ယင်းနောက် တက်ရောက်လာကြသော One-Stop-Service (OSS) အဖွဲ့ဝင်များ၊ ကုန်သည် အသင်းများမှ တာဝန်ရှိသူများနှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်