နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့နံနက် ၁၁ နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံ သံအမတ်ကြီးဖြစ်သူ H.E. Mr. Uladzimir Baravikou အား နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲရေးနှင့် မြန်မာနိုင်ငံ၏ အဓိကလယ်ယာ ထွက်ကုန်များဖြစ်သော ဆန်၊ ပဲမျိုးစုံနှင့် ချုပ်ပြီးအထည်များ တိုးမြှင့်တင်ပို့နိုင်ရေး၊ ဘယ်လာရုစ် နိုင်ငံမှ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ပြီး အပြန်အလှန် ကုန်သွယ်မှုတိုးမြှင့်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ညွှန်ကြား‌ရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်