နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ပြည်နယ်အုပ်ချုပ်ရေးမှူး H.E. Mr. Wang Yu Bo ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့တွင် Horizon Lake View Resort အလုပ်သဘော နေ့လယ်စာ (Working Lunch) ဖြင့် တည်ခင်းဧည့်ခံ တွေ့ဆုံဆွေးနွေးသည်။  

ထိုသို့ဧည့်ခံတွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံ ဖြစ်ရုံသာမက အဓိကကုန်သွယ်ဖက်နိုင်ငံများလည်းဖြစ်ရာ နှစ်နိုင်ငံကုန်သွယ်မှုကို အလေးထားပြီး ကုန်စည်များ အဆင်ပြေချောမွေ့စွာ စီးဆင်းနိုင်ရေးအတွက်  နှစ်ဖက်ပူးပေါင်း ဆောင်ရွက်သွားရေးဆိုင်ရာ ကိစ္စရပ်များကို  အပြန်အလှန်ဆွေးနွေးကြသည်။

နေ့လယ်စာစားပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Mr. Chen Hai စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြား‌ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တရုတ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်