နေပြည်တော် မတ် ၁၇
ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် ၇/၂၀၂၅ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်- ၃ ၊ အစည်းအဝေးခန်းမ- ၂ ၌ ကျင်းပသည်။
ဉီးစွာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ဝန်ထမ်းများအနေဖြင့် ဥပဒေသဘောတရားများ သိရှိနားလည်ပြီး တည်ဆဲဥပဒေနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်နိုင်စေရန်နှင့် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်များတွင် လက်တွေ့လိုက်နာ ကျင့်သုံးနိုင်ခြင်းဖြင့် ပေးအပ်သော တာဝန်များကို စွမ်းဆောင်ရည်မြင့်မားစွာဖြင့် ကျေပွန်စွာထမ်းဆောင်နိုင်စေရန်အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းတွင် သင်ကြားပို့ချပေးမည့် ဥပဒေနှင့် သက်ဆိုင်သည့် အကြောင်းအရာများအား သင်တန်းနည်းပြများနှင့် အပြန်အလှန်သင်ကြား၊ သင်ယူဆွေးနွေးကြရန်နှင့် သင်တန်းမှရရှိလာသည့် ဥပဒေဆိုင်ရာ ဗဟုသုတများကို မိမိဝန်ကြီးဌာနတွင် လုပ်ကိုင်ဆောင်ရွက်နေသည့် ကဏ္ဍများတွင် အကျိုးရှိရှိ အသုံးချသွားရန် လိုအပ်ပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာ နှစ်အတွင်း ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းများကို (၆) ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုသင်တန်းသည် (၇) ကြိမ်မြောက် သင်တန်းဖြစ်ကာ လာမည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအတွက် သင်တန်းများကို ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
သင်တန်းဖွင့်ပွဲသို့ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ သင်တန်းသား/ သူများ တက်ရောက်ကြပြီး သင်တန်းကို ၂၈ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်