နေပြည်တော် မတ် ၁၆
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယမန်နေ့ညနေပိုင်းက ဝန်ကြီးဌာန ရုံးအဆောက်အဦများအတွက် မီးတားလမ်းဖောက်လုပ် ထားရှိမှုနှင့် သရက်ပင်စိုက်ပျိုးထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ယခုအချိန်ကာလသည် ပွင်းလင်းရာသီရောက် ရှိလာပြီးဖြစ်သည့်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်မှု များပြုလုပ်ရေး အထူးအလေးထား ဆောင်ရွက်ကြရန်၊ ပေါ့ဆမီးကြောင့် မီးလောင်ကျွမ်းမှုမရှိစေ ရေးအတွက် အဆင့်ဆင့် သတိပေး ကြပ်မတ်ဆောင်ရွက်သွားရန်၊ သရက်စိုက်ခင်းများ စနစ်တကျပြုစုထိန်းသိမ်း၍ အထွက်နှုန်း တိုးအောင် စီမံဆောင်ရွက်ရန်နှင့် ထွက်ရှိလာမည့် သရက်သီးများ အလေအလွင့်မရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်တို့ကို မှာကြားသည်။
ဝန်ကြီးဌာနရှိ ဦးစီးဌာနများ၏ ဝန်ထမ်းသက်သာပိုင် သရက်ခြံများတွင် စိန်တစ်လုံးသရက် ပင် (၁၂၁၃၅)နှင့် ပတ္တမြားငမောက်သရက်ပင် (၇၀၀)၊ စုစုပေါင်းသရက်ပင် (၁၂၈၃၅)ပင် စိုက်ပျိုး ထားပြီး အဆိုပါသရက်ခြံများမှရရှိသည့် သရက်သီးရောင်းချငွေများဖြင့် ဝန်ထမ်းများ၏ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်