ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Alexander James Matheou အား လက်ခံတွေ့ဆုံ

 

 

နေပြည်တော် ဇွန် ၃၀

 

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း(IFRC)၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Alexander James Matheou အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် လူသားချင်းစာနာမှုအကူအညီများအပါအဝင် မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) ၏ လုပ်ငန်းများတွင် IFRC က ကူညီပံ့ပိုးပေးနေမှုအခြေအနေနှင့် မြန်မာနိုင်ငံ၌ IFRC က ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအ‌ပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

 

တွေ့ဆုံပွဲသို့ IFRC ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Nadia Khoury ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်