ရန်ကုန် ဩဂုတ် ၁၁
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ဩဂုတ် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပမည့် အာဆီယံ လူမှု - ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ၏ မျက်နှာစုံညီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့မှ လာအိုနိုင်ငံသို့ လေကြောင်းခရီးဖြင့်ထွက်ခွာရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဒေါ်နန္ဒာမွှန်း (အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်း မဏ္ဍိုင်၏ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်) နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ လိုက်ပါသွားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


