နေပြည်တော် ဩဂုတ် ၁၃
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် သည် ယနေ့နံနက်ပိုင်းတွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)သို့ ရောက်ရှိပြီး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးအား အမျိုးသားစာကြည့်တိုက်(နေပြည်တော်) ရှင်းလင်းဆောင်၌ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမျိုးသား စာကြည့်တိုက်(နေပြည်တော်)၏ သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမျိုးသားစာကြည့်တိုက် (နေပြည်တော်)၌ ပြည်တွင်းမှ ပုံနှိပ်ထုတ်ဝေသော မြန်မာနိုင်ငံဆိုင်ရာ စာစုများကို စုဆောင်းထိန်းသိမ်းခြင်း၊ စာအုပ်စာတမ်းနှင့် စာအုပ်မဟုတ်သော အခြားစာပေပစ္စည်းများကို ပြည့်စုံစွာရရှိနိုင်ရေး စုဆောင်းထိန်းသိမ်းခြင်းများ ဆောင်ရွက်ရာတွင် ၂၀၂၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သော အမျိုးသားစာကြည့်တိုက် ဥပဒေနှင့်အညီ စာစုများ ရရှိနိုင်ရေးအတွက် ပုံနှိပ်ထုတ်ဝေသူ လုပ်ငန်းရှင်များ သိရှိနိုင်ရန် ပြန်ကြားရေးဝန်ကြီးနှင့် ပူးပေါင်း၍ အသိပညာပေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားရန်၊ အမျိုးသားစာစုစာရင်း (National Bibliography)ကို ပြုစုထုတ် ဝေခြင်း၊ စာကြည့်တိုက်အချင်းချင်း ဆက်သွယ်ငှားရမ်းရေး (Interlibrary Loan)ကို နိုင်ငံ တကာနှင့် ဆက်သွယ်၍ စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက် ရာတွင် အရှေ့တောင်အာရှဒေသနိုင်ငံများကို ပထမဦးစားပေး ချိတ်ဆက်ဆောင်ရွက်သွားရန်၊ အမျိုးသားစာကြည့်တိုက်(နေပြည်တော်) အနေဖြင့် ပြည်သူလူထုအား စာကြည့်တိုက် ဝန် ဆောင်မှုနှင့် သုတပညာဆိုင်ရာ အသိပညာပေးခြင်းများကို ဆောင်ရွက်ရာ၌ Online မှ ဝန်ဆောင်မှုများ ပေးနေသည့်အပြင် စာကြည့်တိုက်သို့ လာရောက်၍ စာဖတ်ရှုသူဦးရေ ယခု ထက်ပိုမိုများပြားစေရေးအတွက် ဖိတ်ခေါ်၍ စာဖတ်ရှုသူများ ပြားလာစေရန် ပညာပေးလှုပ် ရှားမှုများ၊ စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်သွားရန်နှင့် အဆင် ပြေချောမွေ့စွာ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးသွားရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ရှိ အလင်္ကာကျော်စွာစည်သူ တက္ကသိုလ်မြတ်သူ စာစုခန်း၊ ကလေးစာဖတ်ခန်း၊ အီလက် ထရွန်နစ် စာဖတ်ခန်း၊ Bibliographic Services ဌာနစိတ်၊ ပေ၊ ပုရပိုက် ဌာနစိတ်၊ Data Center တည်ဆောက်ထားမှု နှင့် e-Library စနစ်ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
အမျိုးသားစာကြည့်တိုက်(နေပြည်တော်)ကို မြန်မာအမျိုးသားစာပေစု အမွေအနှစ် ဗဟိုဌာနဖြစ်စေရန် ရည်ရွယ်၍ ၂၀၁၀ ပြည့်နှစ် ဇွန် ၃ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၃ ခုနှစ် မေ ၃ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်