နေပြည်တော် ဇန်နဝါရီ ၆
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် နှင့် တာဝန်ရှိ သူများသည် ယနေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရ သီရိမြို့နယ်၊ မိုးဆွေကျေးရွာအုပ်စု၊ ပန်းတင်ကျေးရွာ၊ ဝေဠုဝန်ကျောင်းတိုက်၌ ကျင်းပသည့် အသံမစဲ ဥပ္ပါတသန္တိပါဠိတော် ကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲမဟာမင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ ပုဗ္ဗသီရိမြို့နယ်၊ အောင်စည်သာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့ဝင်၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိစက္ခဏထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော်အရှင်သူမြတ်တို့ ရွတ်ပွား သရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ် တရားတော်များ နာယူကြည်ညိုကြပြီး ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော် ဘဒ္ဒန္တဝိစက္ခဏထံ ပြည်ထောင် စုဝန်ကြီးက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဒုတိယဝန်ကြီး ဦးအေးထွန်းက နဝကမ္မ အလှူငွေကျပ် ၅ သိန်းနှင့် ဥပ္ပါတသန္တိ ဂေါပကအဖွဲ့ဝင် ဦးထွန်းကြည် က ဥပ္ပါတသန္တိ ပါဠိတော်ဝတ်ရွတ်စဉ် စာအုပ်များ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်ဆရာတော်၊ ဘဒ္ဒန္တဝိစက္ခဏက အနုမောဒနာ တရားဟောကြားတော်မူသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝေဠုဝန်ကျောင်းဝန်း အတွင်း၌ တည်ထားကိုးကွယ် တော်မူသော သာသနသိဒ္ဓိပါလစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်ရင်ပြင်တော်ပေါ်ရှိ ဓမ္မာရုံတွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၅ ရက်မှစတင်၍ ၁၀၈ ရက် တိုင်တိုင် ဥပ္ပါတသန္တိပါဠိတော်ရွတ်ဖတ်ပူ ဇော်လျက်ရှိသည့်အပြင် ပုဗ္ဗသီရိမြို့နယ်၊ သီရိမင်္ဂလာဥသျှစ်ကုန်းကျောင်း၊ ဘုရားငါးဆူကျောင်းနှင့် ရွှေလွှမ်းတောင်ကျောင်းတို့၌ ၂၀၂၃ခုနှစ်ဒီဇင်ဘာ၁၆ ရက်အထိ ၁၈ ရက်တိုင်တိုင်၊ ပုဗ္ဗသီရီမြို့နယ်၊ အောင်စည်သာပရိယတ္တိစာသင်တိုက်၊ ဥတ္တရသီရိမြို့နယ်၊ မြင့်ထူးသာ ကျောင်းတိုက်နှင့် ပျဉ်းမနား မြို့၊ သုခဝိဟာရသရက်ကုန်းကျောင်းတိုက်တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ၂၂ရက်နေ့အထိ ၇ ရက်တိုင်တိုင်၊ တပ်ကုန်းမြို့နယ်၊ မဟာဇနကကျောင်းတိုက်၊ လယ်ဝေးမြို့နယ်၊ သရက်တောပရိယတ္တိ စာသင်တိုက်နှင့် ဇေယျာသီရိမြို့နယ်၊ မဟာဗောဓိမြိုင်ကျောင်း တိုက်တို့၌လည်း အောင်မြင်စွာကျင်းပနိုင်ခဲ့ ကြောင်းနှင့် ဒက္ခိဏသီရိမြို့နယ်၊ သဒ္ဓမ္မဝေပုလ္လပရိယတ္တိ စာသင်တိုက်နှင့် ဇေယျာသီရီမြို့နယ်၊ ရတနာစံ ပရိယတ္တိစာသင်တိုက်တို့၌လည်း ဥပ္ပါတသန္တိပါဠိတော် ကိုဆက်လက်ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်