နေပြည်တော်၊ စက်တင်ဘာ ၄
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန် ကြီးဦးအေးထွန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးတို့နှင့်အတူ ယနေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာရပ်ကွက်၊ ဗိုလ်တောက်ထိန်လမ်းရှိ သံဃဘေသဇ္ဇဌာနဝိဟာရ သံဃာ့ဆေးရုံကြီး၌ ဆေးရုံအုပ်ကြီး၊ ဆေးရုံအုပ်ချုပ်မှု ကော်မ တီဝင်များ၊ မြို့မိ/မြို့ဖများနှင့် တွေ့ဆုံ ဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်သည်။
ဉီးစွာပြည်ထောင်စုဝန်ကြီးက ၁၉၆၁ ခုနှစ်မှ စတင်၍ ပျဉ်းမနားမြို့ မြို့မိ/မြို့ဖများ ဦးဆောင်ကာ ဂိလာန သံဃာတော်များကို အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ရာမှ ရွှေဖောင်ဒေးရှင်းမိသားစုမှ လှူဒါန်းခဲ့သော ၆ ထပ်ဆေးရုံကြီးတွင် ယနေ့အချိန်အထိ ရဟန်း/ရှင်လူပြည်သူအများကို ကျန်းမာရေးစောင့်ရှောက်မှုများ စဉ်ဆက် မပြတ်ပေးခဲ့နိုင်ခြင်းကို သိရှိရ၍ ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် ရှေ့ဆက်ပြီး သံဃာ့ဆေးရုံကြီး ရေရှည် တည်တံ့ဖွံ့ဖြိုးတိုးတက်စေရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီ၊ မြို့မိ/မြို့ဖများ၊ အလှူရှင်များ၊ ပျဉ်းမနားမြို့၊ သံဃဘေသဇ္ဇဌာနဝိဟာရ သံဃာ့ ဆေးရုံကြီး အုပ်ချုပ်ရေးအဖွဲ့များက ညီညီညွတ်ညွတ်ဖြင့် ဆက်လက်စောင့်ရှောက်ပေးကြပါရန် တိုက်တွန်း နှိုးဆော်ပါကြောင်းနှင့် လိုအပ်သည်များကို တင်ပြဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပျဉ်းမနားမြို့၊ သံဃဘေသဇ္ဇဌာနဝိဟာရ သံဃာ့ဆေးရုံကြီး၏ အုပ်ချုပ်မှုကော်မတီ အတွင်းရေးမှူး ဦးအောင်မြင့်ထွန်းက ဆေးရုံကြီးအား (၆)ထပ်အဆောက်အဦဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး ၂၅ ကုတင်ဆန့် ဆေးရုံကြီးအဖြစ် ကျန်းမာရေးဝန်ဆောင်မှုများ ပြုလုပ်ပေးလျက်ရှိပါကြောင်းနှင့် ဆေးကုသမှုခံ ယူနေသော သံဃာတော်အရှင်သူမြတ်တို့၏ အားထားရာ ဆေးရုံကြီးဖြစ်စေရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် ပျဉ်းမနားမြို့၊ သံဃဘေသဇ္ဇဌာနဝိဟာရ သံဃာ့ဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ် (ပင်းတယ၊ မီးအိမ်ရှင်)က ၂၀၂၂ ခုနှစ် ဇူလိုင်လမှ ၂၀၂၃ ခုနှစ် ဇွန်လအတွင်း သံဃာတော် ၅၅၃၄ ပါး၊ သီလရှင် ၁၀၆၀ ပါးနှင့် ဆင်းရဲနွမ်းပါးလူနာ ၆၁၃ ဦး စုစုပေါင်း ၇၂၀၇ ပါး/ဦး တို့ အား အခမဲ့ကုသပေးနိုင်ခဲ့ကြောင်း၊ တစ်လလျှင် ပျှမ်းမျှ သံဃာ၊ သီလရှင်အပါး ၂၅၀ ခန့် တို့အား အခမဲ့ကုသပေး လျက်ရှိပါကြောင်းနှင့် လူမျိုးဘာသာမရွေး၊ ရောဂါမရွေး နိုင်ငံတကာအဆင့်မီ ဆေးကုသနည်းစနစ်များဖြင့် ကုန်ကျစရိတ်သက်သာသော ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ရရှိလာသော အလှူငွေများဖြင့် ရဟန်းသံဃာများနှင့် သီလရှင် ဆရာလေးများကို အခမဲ့ ဆေးကုသမှုပေးလျက်ရှိပါ ကြောင်း တင်ပြသည်။
ယင်းနောက် မြို့မိမြို့ဖ ဦးအောင်ချိုက ပျဉ်းမနားမြို့၊ သံဃဘေသဇ္ဇဌာနဝိဟာရ သံဃာ့ဆေးရုံကြီး ဖြစ်ပေါ်လာမှု သမိုင်းကြောင်းကို ရှင်းလင်းတင်ပြပြီး ရပ်ဝေး/ရပ်နီးမှ ရဟန်းရှင်လူ ပြည်သူများအား ကုန်ကျစရိတ်သက်သာသော ကျန်းမာရေးစောင့်ရှောက်မှုများ စဉ်ဆက်မပြတ် ကုသပေးနိုင်ခဲ့သည့် အတွက် သံဃာ့ဆေးရုံကြီးမှ ဆေးရုံအလုပ်အမှုဆောင်အဖွဲ့အား မြို့မိ/မြို့ဖ ကိုယ်စား သံဃာတော် အရှင်သူမြတ်တို့ကိုယ်စား ကျေးဇူးတင်ကြောင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သံဃဘေသဇ္ဇဌာနဝိဟာရ သံဃာ့ဆေးရုံကြီးအတွက် အလှူငွေကျပ် သိန်း ၅၀ ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်နှင့် အုပ်ချုပ်မှုကော်မတီအတွင်းရေးမှူး ဦးအောင်မြင့်ထွန်းတို့က လက်ခံရယူပြီး ပြည်ထောင်စုဝန်ကြီးထံ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)