နေပြည်တော် ၁၇ စက်တင်ဘာ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး မစ္စတာ စကော့မာစီရယ်အား ယနေ့မွန်းလွဲ ၂ နာရီတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် (၂၇) ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်တွင် ဆက်လက်ဆောင်ရွက်သွားမည့် စီမံကိန်းများတွင် အမေရိကန်နိုင်ငံမှ ပူးပေါင်းဆောင်ရွက်မည့်ကဏ္ဍများ၊ နည်းပညာဆိုင်ရာနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးအတွက် ပံ့ပိုးပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


