နေပြည်တော်  ၁၉  စက်တင်ဘာ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်) ကူမား အား ယနေ့ညနေ ၃ နာရီခွဲတွင်  နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ အနာဂတ် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက်အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်ကဏ္ဍများ၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေးအတွက် နှစ်နိုင်ငံပူးပေါင်း လုပ်ငန်းအဖွဲ့အစည်းအဝေးကို အောက်တိုဘာလအတွင်း နေပြည်တော်၌ ကျင်းပရေးတို့ကို ဆွေးနွေးကြသည်။

(သတင်းစဉ်)