နေပြည်တော်၊ မေ ၂

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် Japan-Myanmar Association ၏ Chairman, Mr. Watanabe Hideo ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဂျပန်နိုင်ငံက ပံ့ပိုးကူညီပေးသည့်ကိစ္စ၊ နှစ်နိုင်ငံစီးပွားရေးနှင့် ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာကိစ္စနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်