နေပြည်တော် ဇွန် ၁၆
    
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (United Nations Children’s Fund- UNICEF) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်မည့် Mr. Marcoluigi Corsi က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ယနေ့ နံနက် ၁၁ နာရီတွင် လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ပြီး၊ ၎င်း၏ ခန့်အပ်လွှာကို ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ ကြသည်။ 

(သတင်းစဉ်)