တိုကျို  အောက်တိုဘာ   ၂၉

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အဖွဲ့သည် ယနေ့ နံနက် ၁၀ နာရီတွင် တိုကျိုမြို့ရှိ တိုဟိုစတူဒီယိုသို့ သွားရောက်ပြီး ရုပ်ရှင်ဇာတ်ကားများ ထုတ်လုပ်ရန် ကြိုတင်ပြင်ဆင်မှုမှစ၍ ထုတ်လုပ်ပြီးချိန်အထိ လုပ်ငန်းစဉ်များကိုလေ့လာကြသည်။

 တိုဟိုစတူဒီယိုသည် ၁၉၃၄ ခုနှစ်မှစ၍ တိုဟိုရုပ်ရှင်ထုတ်လုပ်မှုလုပ်ငန်းအဖြစ် ပေါ် ပေါက်ခဲ့ ရာမှ တီထွင်ဆန်းသစ်မှုများဖြင့် အစဉ်တစိုက်ဆောင်ရွက်ခဲ့ရာ ယနေ့အချိန်တွင်  ဂျပန်နိုင်ငံ၏ အကြီးဆုံး အသံသွင်းလုပ်ငန်းနှင့် ခေတ်မီထုတ်လုပ်ရေး စင်တာကြီးအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂျပန်ရုပ်ရှင်သင်တန်းကျောင်း (Japan Institute of the Moving Image) သို့သွားရောက်ကြပြီး ရုပ်ရှင်သမိုင်းနှင့် ယဉ်ကျေးမှု၊ သီအိုရီနှင့် ဘာသာရပ်များ သင်ကြားပို့ချမှုနှင့် လက်တွေ့ ဆောင်ရွက်နေမှုများကို ကြည့်ရှုလေ့လာကြသည်။

 

part 3

 

အဆိုပါ ရုပ်ရှင်သင်တန်းကျောင်းသည် ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးကဏ္ဍတွင် တစ်ဦးချင်းမှစ၍ စွမ်းဆောင်ရည်တိုးမြှင့်စေရန်၊ နိုင်ငံတကာယဉ်ကျေးမှုဖလှယ်ရေးကို အားပေးမြှင့်တင်နိုင်ရန် ရည်ရွယ်ချက်များဖြင့် ရုပ်ရှင်သရုပ်ဖော်ပညာနှင့် မှတ်တမ်းတင်ခြင်း၊ ရိုက်ကူးခြင်း၊ အသံဖမ်းခြင်းနှင့် တည်းဖြတ်ခြင်း၊ ကျိုးကြောင်းဆက်စပ်၍ ဇာတ်ညွှန်းရေးသားခြင်း ဘာသာရပ် (၃) ခုကို လေးနှစ်ကြာ ဆက်နွယ်သင်ကြားပို့ချမှုဖြင့် ဘွဲ့ဒီဂရီ ပေးအပ်လျက်ရှိကြောင်းသိရသည်။

 

Screenshot_20191029-161232_Gallery

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂျပန်နိုင်ငံရုပ်ရှင်အမျိုးသားမော်ကွန်းတိုက် (National Film Archive of Japan) သို့  ရောက်ရှိပြီး ရုပ်ရှင်ဇာတ်လမ်း၊ ဇာတ်ညွှန်းမူရင်းများ၊ ရုပ်ရှင်ပိုစတာမူရင်းများ၊ ရိုက်ကွင်းမှတ်တမ်းဓာတ်ပုံများ၊ ရုပ်ရှင်ကင်မရာများ၊ ရုပ်ရှင် သရုပ်ဆောင် များ၏ ကိုယ်ရေးအချက်အလက်များ၊ ရုပ်ရှင်ဇာတ်ကားများတွင် အသုံးပြုခဲ့သည့် ဆက်စပ်ပစ္စည်းများ၊ သမိုင်းဝင်ယဉ်ကျေးမှုလက်ရာ ရုပ်ရှင်ဇာတ်ကားများ စုစည်းပြသထားမှုကို ကြည့်ရှုလေ့လာကြ သည်။

ယင်းမော်ကွန်းတိုက်သည် ယခင်အမျိုးသားရုပ်ရှင်ဗဟိုဌာန (National Film Center) ဖြစ် ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ခေတ်မီအနုပညာ အမျိုးသားပြတိုက် (National Museum of Modern Art) အဖြစ် အဆင့်မြှင့်တင်ခဲ့ခြင်းဖြစ်ကြောင်း၊ ရုပ်ရှင်ဇာတ်လမ်း လေးသောင်းခန့်နှင့် အခြားအနုပညာပစ္စည်းများ စုစည်းပြသထားသည့် လွတ်လပ်သော လူထုအခြေပြုဌာနတစ်ခု ဖြစ်ကြောင်းသိရသည်။

(သတင်းစဉ်)

 

Screenshot_20191029-163321_SnapBridge

 

Screenshot_20191029-163549_SnapBridge